ထေရ

ထေရဆိုတာ အရှင်မဟာကဿဖ အစရှိသော ရဟန်းတာအရှင်မြတ်တို့၏ ခိုင်မြဲသော အယူကိုခေါ်ပါသည်။ တနည်းအားဖြင့် အလွန်ခိုင်ခံ့မာကြော ကျစ်လစ်သော ကျောက်စာတိုင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသော လေပူ၊ လေအေး၊ လေနု၊ လေကြမ်း မုန်တိုင်းများဒဏ်ကြောင့် ရွေ့လျားယိမ်းယိုင်ခြင်းမရှိသကဲ့သို့ ထေရ ဆိုသည်မှာ လည်း သံဃာတော်များ၏ အယူသည် သီလဖြင့်ခိုင်မြဲခြင်း၊ သမာဓိဖြင့်ခိုင်မြဲခြင်း၊ ပညာဖြင့်ခိုင်မြဲခြင်းဟု ဆိုလိုပါသည်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တို့သည် ထိုသီလ၊ သမာဓိ၊ ပညာတို့ဖြင့် ခိုင်မြဲနေရပါမည်။ ခဏ ခိုင်မြဲခြင်းမှသည် ထာဝရ ခိုင်မြဲခြင်းဆီသို့ မဖြစ်မနေ တက်လှမ်းရမည့် အလုပ်မှာ ဗုဒ္ဓဘာသာ ဝင်တိုင်း လုပ်ရမည့်တာဝန်ဖြစ်ပါသည်။ သို့မှသာဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော မအို၊ မနာ၊ အမြဲနေသော၊ ထာဝရခိုင်မြဲသော နိဗ္ဗာန်ဆီသို့ ရောက်ရှိနိုင်ကြပါမည်။ ဤထေရဆိုသော စကားလုံးအား လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၀) ကျော် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး (၃)လအကျော် (၄)လမြောက်တွင် ရာဇဂြိုလ်တွင် ကျင်းပခဲ့သော ပထမသင်္ဂါယ နာတင်တော်မူသောအချိန်မှစတင်သုံးစွဲခဲ့ပါသည်။

0 အကြံပေးချက်: