သမိုင်းရာဇဝင်တွင်ဂစ္ဆဂီရိဟုအမည်တွင်ခဲ့သောဇင်းကျိုက်တောင်သည်ထူးခြားလေးမြတ်သောအောင်
မြင်မှုကိုဆောင်နင်းပေးသော၊ထွက်ရပ်ပေါက်တို့၏အောင်မြေဖြစ်သောဂုဏ်ပုဒ်ဝိသေသတို့နှင့်ထင်ပေါ်
ကျော်ကြားမှတ်တမ်းသမိုင်းများစိုက်ထူခဲ့ပါသည်။ဝိဇ္ဇာနဂါးတို့ပျော်ရွင်မြူးရာမြေ၊သူတော်စင်အပေါင်း
ကိန်းအောင်းမွေ့ပျော်ရာမြေ၊ဆံတော် ရှင်ကိန်းဝပ်ရာမြေ လည်းဖြစ်ပါသည်။
ဇင်းကျိုက်မှအစပြု၍ဖြစ်ပေါ်ခဲ့သောဖြစ်ရပ်မှန်တို့သည်ရာဇဝင်တွင်ထင်ရှားပေါ်လွင်ခြင်း၊ သမိုင်းတွင်
ရစ်စေခြင်း၊ကမ္ဘာကျော်ခြင်းတို့ရှိခဲ့ပါသည်။
မြန်မာသာမကကမ္ဘာ့အံ့ဖွယ်စာရင်းဝင်သောဆံတော်ရှင်ကျိုက်ထီးရိုးစေတီပေါ်ပေါက်အောင် စေတီတည်ခဲ့သော ဘုရားဒကာမှာဂစ္ဆဂီရိ(ဇင်းကျိုက်)တောင် တိသ၁ရသေ့ဖြစ်ခြင်း၊ ပုဂံရာဇဝင်တွင် ဟိုးလေးတကျော် ထင်ပေါ်ခဲ့သည့်လူစွမ်းကောင်း ဗျတ္တသည်လည်း ဇင်းကျိုက်တွင်ရေမျောကမ်းတင်ပြီးမှ ဖိုဝင်သားစား လူစွမ်းကောင်းတစ်ဦးအဖြစ် ဇင်းကျိုက်မှ မွေးထုတ်ပေးလိုက်ခြင်း၊ ဝိဇ္ဇာနှင့် နဂါးအကြောင်းပါ၍ ဇင်း
ကျိုက်တောင်တွင် မွေးဖွား နဂါးလူသားသည် သထုံရာဇဝင် သထုံပြည့်ရှင်မင်း တိသ၁သီဟဓမ္မရာဇာမင်း အဖြစ်ထင်ပေါ်ကျော်ကြားခြင်း၊ ဇင်းကျိုက်တောင်တွင် ကိန်းအောင်းမွေ့ပျော်သီတင်းသုံးခဲ့သည့် ဗားမဲ့ဆရာတော်သည် ထွက်ရပ်ပေါက်လမ်း ဗား(၄)ဗားစာရင်းဝင် ထင်ပေါ်ကျော်ကြားခြင်း၊ စသည့်သမိုင်းရာဇဝင်တွင် ဖြစ်ရပ်မှန်ရှိခဲ့ပါသည်။
မြန်မာ့လေတပ်သမိုင်းတွင် ထင်ရှားကျော်ကြား၍ မော်ကွန်းတင်စာရင်းဝင်ထဲတွင် ဇင်းကျိုက်သားဖြစ်သော သူရအုန်းခိုင်သည်လည်း တစ်ဦးအပါအဝင်ဖြစ်ခြင်း၊ ဇင်းကျိုက်ကျော်စိုင်ကျောက်သားတို့သည်လည်း ထူးခြားပါဝင်စွာရပ်တည်နိုင်ခဲ့သည့် မှတ်တမ်းရှိခဲ့ပါသည်။ သာသနာတော်တွင်ဆဋ္ဌမအကြိမ် သံဃာယနာ တင်နိုင်ရန်အလို့ငှာ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေတွင် မဟာပါသာဏလှိုဏ်ဂူတော်ကြီးကို ဇင်းကျိုက်ကျောက်စိုင်၊ကျောက်သားများဖြင့် အုပ်မိုးတည်ဆောက်ခဲ့ခြင်း၊နိုင်ငံအနှံ့လမ်းတံတားများတွင် ပါဝင်ရပ်တည်ခဲ့ခြင်းအပြင် ဟိုယခင်က နိုင်ငံရပ်ခြားစင်္ကာပူသို့ပို့ကုန်အဖြစ်တင်ပို့ခဲ့ဘူးပါသည်။
ဆံတော်ရှင်ကိန်းဝပ်ရာ ထူးခြားလေးမြတ်သည့် ဇင်းကျိုက်တောင်၏ အရိပ်ကိုခို၊ တောင်တော်မြတ်မှစီးကျလာသောစမ်းရေကိုသောက်နေကြသည့် ဇင်းကျိုက်သားတို့သည် ဘာသာရေးသာသနာရေးတို့တွင် ထူးထူးခြားခြားအလေးအမြတ်ထားကြ၍ ကုသိုလ်ရေးတွင်လည်းလက်မနှေးသော ပုဂ္ဂိုလ်များဖြစ်ကြပေသည်။
ကြိုးစားရိုးသား၍စည်းလုံးညီညာရှိခြင်းကြောင့်လည်းကောင်း၊ တဦးနှင့်တဦးဖေးမညာတာ ဝိုင်းဝန်းကူညီတတ်မှုရှိခြင်းကြောင့်လည်းကောင်း၊ ဇင်းကျိုက်သည် တစိုက်မတ်မတ် တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ ယခင်ကျေးရွာအဆင့် မှ မြို့အဆင့် ၍ သို့ဖြစ်ပေါ်ပြောင်းလဲခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း အရှိန်အဟုန်နှင့်တိုးတက်ပြောင်းလဲလျှက်ရှိနေသည့် ဇင်းကျိုက်သို့ တစ်ခေါက်တစ်ခါအပန်းဖြေလေ့လာ၍ လာရောက်အနားယူကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။
စာတင်လောက်ပေ ဇင်းကျိုက်မြေ
စာရေးသူ- မင်းသက်စံ ရေးသားချိန် 3:03 PM
Subscribe to:
Post Comments (Atom)
0 အကြံပေးချက်:
Post a Comment