ဇင်းကျိုက်အားမာန် အသင်း၏ရည်ရွယ်ချက်


ဇင်းကျိုက်မြို့မှ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများ၏ လူမှုရေးအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်နှင့်ဇင်းကျိုက်မြို့အားခေတ်မှီမြို့အဖြစ် တည်ဆောက်ရေးလုပ်ငန်းများတွင် စနစ်တကျပါဝင်ကူညီပေးနိုင်ရန် ဇင်းကျိုက်အားမာန်အသင်းကိုဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များ၊ စည်းမျဉ်းများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(က) ဇင်းကျိုက်မြို့မှ စင်္ကာပူရောက်အလုပ်သမားများ၏ လူမှုရေးအခက်အခဲများ၊ လုပ်ငန်းခွင်ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရန်။
(ခ) ဇင်းကျိုက်မြို့အား ခေတ်မှီမြို့အဖြစ် တည်ဆောက်ရေးလုပ်ငန်းများတွင် တတက်တအား ပါဝင်ကူညီရန်(ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ဘာသာရေး အသင်းအဖွဲ့များနှင့်ဆက်သွယ်၍ အကူအညီပေးရန်)။
(ဂ) ဇင်းကျိုက်မြို့မှ လူငယ်များ ပြည်ပအလုပ်အကိုင်ရရှိရေးလုပ်ငန်းများ၊ နှင့် ဇင်းကျိုက်မြို့မှ စင်္ကာပူနိုင်ငံတွင် လာရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများအား ထောက်ပံ့ကူညီရန်။
ဇင်းကျိုက်အားမာန်အသင်းသည် လူမှုဝန်ထမ်းလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းအပေါ် လူတို့၏ထင်မြင်ယူဆမှုသဘောထားအမျိုးမျိုးရှိမည်သာဖြစ်ပါသည်။ မည်သို့ပင်ထင်မြင်ယူဆသဘောထားကြသည်ဖြစ်စေ အခက်အခဲအကြပ်အတည်းကြုံနေသူတို့အား သန့်ရှင်းသောစေတနာဖြင့် အတက်နိုင်ဆုံးဖြည့်ဆည်းကူညီပေးရန်နှင့် မိမိတို့၏ ဇာတိမွေးရပ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် တတက်တအားပါဝင်ပြီး အသင်းကြီးအရှည်သဖြင့် တည်တံ့ခိုင်မြဲနေအောင် လက်တွဲညီညီကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

0 အကြံပေးချက်: